Colors that can attract Money to your home( ငွေကြေးကိုဆွဲဆောင်နိုင်တဲ့ အရောင်လေးများ)



ဒီတခါ မင်ပြောပြချင်တဲ့ အကြောင်းလေးကတော့ ရှေ့တပတ်ရဲ့ အဆက်လို့ပြောရမှာပါ ကိုယ့်အိမ်ရဲ့ ချမ်းသာကြွယ်၀မှု အတွက်
သုံးသင့်တဲ့ အရောင်လေးတွေကို မျှေ၀ပြောပြသွားမှာပါနော်

မင်တို့က အိမ်ဆိုရင် အရောင်သုတ်တဲ့အခါ ဖျော့တော့တော့ အရောင်လေတွေ အသုတ်များကြတယ်မဟုတ်လား
တကယ်တော့ အဲအရောင်လေးတွေက ငြီမ်သက်အေးချမ်းခြင်းသဘောဆောင်တော့ လာဘ်ရွှင်ချင်သူတွေအတွက်တော့ သိပ်မကိုက်
ဘူးပြောရမှာပါ အဲဒါပေမယ့် စိတ်အပန်းဖြေဘို့ သက်သောင့်သက်သာရှိချင်တာ ဆိုရင်တော့ အရောင်ငြိမ်လေးတွေကို ရွေးပေါ့နော်

ဖုန်းရွှေနည်းပညာအရ သတ်မှတ်ထားတဲ့ ကြွယ်၀ချမ်းသာစေမှုအတွက် အထောက်အပံ့ပေးတဲ့ အရောင်လေးတွေအကြောင်း
ပြောပြမယ်

ကဲ နံပါတ် (၁) ကတော့ ခရမ်းရောင်ပါတဲ့ရှင်

ခရမ်းရောင်ဟာ Luxury ဆန်တဲ့ အရောင်ဖြစ်တဲ့အပြင် Power လည်းမြင့်တာကြောင့် ပွဲတက်တဲ့အခါ လူအများစုက
ခရမ်းရောင်ကို ရွေးချယ်၀တ်ဆင်လေ့ရှိကြတယ်လို့ဆိုတယ် လူကုံထံတွေဆီမှာ တွေ့ရလေ့ရှိတဲ့အရောင်ပေါ့

နံပါတ် (၂) လာဘ်ကောင်းစေတဲ့ အရောင်ကတော့ အစိမ်းပါ အစိမ်းရောင်ဟာ ငွေကြေးအရောင်ကို ကိုယ်စားပြုပြီး တိုးတက်ရန်အခွင့်
အလမ်းပေါများခြင်း ကြီးထွားဖံွဖြိုးခြင်း သဘောဆောင်တဲ့အတွက် ငွေကြေးပေါများခြင်ရင် အစိမ်းရောင်လေးရွေးချယ်အသုံးပြုဘို့လိုမယ်နော်

နံပါတ် (၃) ကတော့ ရွေရောင်ပါ။ အဝါရောင်ကလည်း ရွှေရောင်ကို ကိုယ်စားပြုတာဖြစ်ပြီး အဲဒီအရောင်ဟာ ကြွယ်၀ချမ်းသာမှုကို ကိုယ်စားပြုတာတော့
လူတိုင်းလက်ခံပြီးသားဖြစ်မယ်ထင်ပါတယ်နော်

နံပါတ် (၄) အနီရောင် ဟာ မီးဓါတ်ကို ကိုယ်စားပြုပြီး တန်ဖိုးမြင့်မားခြင်၊ ကောင်းသောစွမ်းအင်များ မြန်မြန်တိုးတက်ခြင်း
သဘောဆောင်တဲ့အတွက် အိမ်ရဲ့ decoration အပိုင်းမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်တဲ့

နံပါတ် (၅) ကတော့ အညိုရောင်ပါ အညိုကတော့ သစ်သားဓါတ်ဆောင်ပြီး တည်တံ့ခိုင်မြဲတဲ့သဘောဆောင်တဲ့ အတွက် အိမ်ရဲ့ ကြွယ်၀မှုကို မယိမ်းမယိုင်ဘဲ
တည်တံ့ကြာရှည်စွာ ထိန်းထားနိုင်တဲ့ အတွက် အိမ်အပြင်အဆင်မှာ ထည့်သွင်းအသုံးပြုသင့်တဲ့ အရောင်ဘဲဖြစ်ပါတယ်။

ခုပြောပြသွားတဲ့ အရောင် (၅) ရောင်ကို ကိုယ့်အိမ်ရဲ့ Abundance Area or Wealth Corner မှာထားပြီး သုံးလို့ရပါတယ်နော် အိမ်ရဲ့ Abundance Area ကိုတော့
အရင်အပတ်က တင်ဆက်ထားတဲ့ ဆောင်းပါးမှာ ပုံလေးနဲ့ပြောပြထားတယ်နော် မမှတ်မိရင် https://myatnaingnm.blogspot.com/2024/01/9-money-blocking-items_19.html အဲဒီလင့်မှာပြန်သွားဖတ်ပေးနော်
အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ပရိဘောဂတွေ၊ အိပ်ရာခင်းတွေ ၊ ခေါင်းအုံး ၊ အလှဆင်ပစ္စည်း စတာတွေကို အပေါ်မှာပြောထားတဲ့ အရောင် (၅)ရောင်ထဲက ကြိုက်တဲ့အရောင်ကို ထားပြီး သုံးကြည့်ပါ ထားရမယ့်နေရာကတော့
Wealth Corner (ကြွယ်၀ချမ်းသာမှုပြထောင့်ချိုး)နေရာလေးဖြစ်ဘို့လိုမယ်နော်

ငွေကြေးအပြင် အလုပ်ကောင်းကောင်းရချင်တာ အလုပ်မှာ ရာထူးတိုးခြင်တာမျိုးဆိုရင်တော့ Bouga Map ရဲ့ Career နေရာမှာ အပြာရောင်၊ အမဲရောင် တွေသုံးလို့ရပါတယ် နာမည်ကြီးချင်တာ အလုပ်မှာ နာမည်ကောင်းရခြင်တာ
လူတွေကြားထဲထင်ပေါ်ချင်တာမျိုးဆိုရင်တော့ မီးဓါတ်သဘောဆောင်တဲ့ fame reputation area မှာ အနီရောင်ရှိတဲ့ ပစ္စည်းတွေထားပေးဘို့ လိုပါတယ်နော်. ခရမ်းရောင်ကလည်း မီးဓါတ်သဘောဆောင်လို့ အနီမကြိုက်ရင် ခရမ်းရောင်
ကိုလည်းသုံးလို့ရပါတယ်နော်

ကဲ ဒီလောက်ဆိုရင်တော့ အရောင်တွေအကြောင်း အတော်စုံပြီမို့ ကြွယ်၀ချမ်းသာမှု အလုပ်အကိုင် Relationship နဲ့ပက်သက်လို့ အရောင်တွေဘယ်လိုသုံးရမလဲ သေချာမသိရင် မင့်ရဲ့ Facebook page လေးမှာလည်း လာမေးလို့ရပါတယ်
Account link လေးပါ။ https://www.facebook.com/snow.chit.54540?mibextid=ZbWKwL

နောက်တပတ်တော့ valentine day မှာ ချစ်သူကိုပေးဘို့အတွက် ပန်းလေးတွေအကြောင်းပြောပြမယ်နော်

See you !

Comments

Popular posts from this blog

🌸🌺နှင်းဆီပန်းလေးတွေရဲ့ အပွင့်အရေအတွက်နဲ့အဓိပ္ပါယ်

🎋🌵Unlucky Plants (ကံမကောင်းစေတတ်သော အပင်ကလေးများ)